Myanmar Over Flow မှာ ဘယ်လိုမေးခွန်းတွေ မေးနိုင်မလဲ ??
အရေးအကြီးဆုံးကတော့ မေးတဲ့မေးခွန်းဟာ ဒီ Community နဲ့ သက်ဆိုင်တဲ့ မေးခွန်းဖြစ်သင့်ပါတယ်။ မမေးခင် site ထဲမှာ အလားတူ မေးခွန်းများ ရှိနေမလားလို့ သေချာစွာ ရှာကြည့်ဖို့ လိုပါတယ်။ မေးခွန်းများကို Search box မှ မေးခွန်း ခေါင်းစဉ်ဖြင့် (သို့) Tag များဖြင့် လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။
ဘယ်လိုမေးခွန်းမျိုးကို ရှောင့်ကြဉ်သင့်ပါသလဲ ??
Personal ဆန်တဲ့ မေးခွန်းတွေ ၊ အငြင်းပွားစေတဲ့ မေးခွန်းတွေ ဥပမာ - Linux နဲ့ Windows ဘယ်ဟာ ပိုကောင်းသလဲဆိုတာမျိုးတွေပါ. အဲဒီလိုမျိုးမေးခွန်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။
ဘယ်လို အဖြေမျိုးကို မပေးသင့်သလဲ ??
site title site ရဲ့ ရည်ရွယ်ချက်ဟာ Question and Answer အတွက်ဖြစ်ပါတယ်.. Discussion Group မဟုတ်ပါဘူး။ ထို့ကြောင့် မေးခွန်းနဲ့ သွေဖယ်တဲ့ ပြိုင်ဆိုင်မှုတွေ ပါတဲ့ အဖြေမျိုးကို မပေးသင့်ပါဘူး။ အဖြေနဲ့ ပါတ်သတ်တဲ့ မိမိရဲ့ အကျဉ်းချုပ် ထင်မြင်ချက်ကို Comment အနေနဲ့ ပေးနိုင်ပါတယ်။
ဒီ Community ကို ဘယ်သူတွေ moderate လုပ်နေပါသလဲ ??
it's "You". ဟုတ်ကဲ့ သင်ကိုယ်တိုင်ပါပဲ.. ဒီ Community ကို အသုံးပြုတဲ့ users တွေ ကိုယ်တိုင်ကပဲ moderate လုပ်နေတာပါ. reputation system (vote များအတွက် အမှတ်ပေးတဲ့ စနစ်)ဟာ user များကိုယ်တိုင် community ကို moderate လုပ်ခွင့် ရှိစေနိုင်ပါတယ်။
အခြားသိသင့်သည့်အချက်များ
Be Nice - သူများတွေက မိမိကို တလေးတစားပြုမှု ပြောဆိုသကဲ့သို့ မိမိကလည်း သူများကို လေးစားစွာ ဆက်ဆံသင့်ပါတယ်။ ထိုမှသာ အတူတကွ မေးခွန်းများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ သင်သိသလို သူများတွေ မသိ နားမလည်တာကို ကောင်းမွန်စွာ ရှင်းပြရပါမယ်။ အပြစ်တင်မစောသင့်ပါဘူး။
Be Honest - Transparency ရှိပါစေ။ အဖြေတစ်ခုဟာ မသင့်တော် လွဲမှားနေလျှင် Votedown လုပ်ပါ။ ဒီနောက် Comment များဖြင့် အမှားကို ထောက်ပြနိုင်ပါတယ်။ ကောင်းမွန်တဲ့၊ မြန်ဆန်တဲ့၊ တိကျတဲ့ သင့်ကိုယ်ပိုင် အဖြေများအတွက် သင့်ကို အမြဲ ကြိုဆိုနေပါတယ်
Reputation System ဘယ်လိုအလုပ်လုပ်သလဲ ??
မေးခွန်းတစ်ခုဟာ upvote (+) ပေးခံရတဲ့အခါမှာ မေးတဲ့သူဟာ points များ ရရှိပါတယ်.. အဆိုပါ point များဟာ Reputation point များဖြစ်ပါတယ်။ အကြမ်းဖျဉ်း requtation point များကို ကြည့်ခြင်းဖြင့် အဆိုပါ users များအား Community က ဘယ်လောက်ထိ ယုံကြည်ကိုသလဲဆိုတာကို မြင်သာစေပါတယ်။ points များ တက်လာလေလေ ပြုလုပ်နိုင်မယ့် အခွင့်အရေးပိုများလာလေလေ ဖြစ်လာမှာပါ။ ဥပမာအားဖြင့် သင်ဟာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခုကို မေးခဲ့ရင် သင့်မေးခွန်းဟာ upvote ပေးခံရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ အထက်က မမေးသင့်တဲ့ မေးခွန်းမျိုးဆိုရင်တော့ downvote (-) ဖြစ်သွားပါလိမ့်မယ်။ upvote 1 ခု (+1) ဆိုလျှင် reputation points ဟာ 10 ပါ။ Downvote 1 ခုအတွက် (-1) ကတော့ 2 points ပါ။ မေးခွန်း/အဖြေတစ်ခုကို points 200 အထိ ရှိနိုင်ပါတယ်။ Moderation Task များအတွက်တော့ အောက်မှာ ကြည့်နိုင်ပါတယ်။
| 15 | upvote လုပ်နိုင်ပါတယ် |
| 50 | Comment ထည့်နိုင်ပါတယ် |
| 100 | downvote လုပ်နိုင်ပါတယ် |
| 250 | မိမိကိုယ်တိုင်မေးထားတဲ့မေးခွန်းများကို ဖွင့်နိုင်၊ပိတ်နိုင်လုပ်နိုင်ပါတယ် |
| 500 | မေးခွန်းများကို retag လုပ်နိုင်မှာ ဖြစ်ပါတယ် |
| 750 | community wiki မေးခွန်းများကို Edit လုပ်နိုင်ပါတယ် |
| 2000 | မည်သည့်အဖြေကို မဆို Edit လုပ်နိုင်ပါတယ် |
| 3000 | မည်သည့်မေးခွန်းကို မဆို ဖွင့်နိုင်၊ ပိတ်နိုင် လုပ်နိုင်ပါတယ် |
| 5000 | မည်သည့် Comment ကိုမဆို ဖျက်နိုင်ပါတယ် |
| 10000 | မည်သည့်မေးခွန်း အဖြေများကို မဆို ဖျက်နိုင်ပါတယ်. ဒီနောက် အခြားသော moderation task များကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် |
Gravatar ဆိုတာ ဘာလဲ ??
Gravatar ဆိုတာ Globally Recognized Avatar ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Email နဲ့ ကိုယ့်စိတ်ကြိုက် avatar ကိုပြုလုပ်နိုင်ပါတယ်။(gravatar.com) Default ကတော့ Snow-Flake ပုံစံလေးများပဲ ဖြစ်ပါတယ်။You can set your image at gravatar.com
Register ပြုလုပ်ဖို့အတွက် Password အသစ် အကောင့်အသစ်ပြုလုပ်ဖို့လိုပါသလား ??
မလိုအပ်ပါဘူး။ OpenID ကို support လုပ်တဲ့ မည်သည့် Services နဲ့မဆို Log in ၀င်နိုင်ကာ အသုံးပြုနိုင်ပါတယ်။ ဥပမာ, Google account, Yahoo, AOL အစရှိသည်တို့ ဖြစ်ပါတယ်။ Login now! »
ကိုယ့်ရဲ့မေးခွန်းတွေ အဖြေတွေကို တခြားသူက ဘာလို့ ပြင်ဆင်နိုင်တာလဲ ??
ဒီ site ရဲ့ ရည်ရွယ်ချက်ဟာ.. အသုံးပြုတဲ့သူတွေကိုယ်တိုင် တည်ဆောက်ထားတဲ့ Community ဖြစ်လာရန်ပါ .. Wikepedia ကဲ့သို့ အားလုံးအတူတကွ Collaborate လုပ်နိုင်ပါတယ် မေးခွန်းတွေ အဖြေတွေကို ပြင်ဆင်နိုင်တဲ့သူတွေဟာ community ရဲ့ ယုံကြည်မှုကို ရထားတဲ့သူတွေဖြစ်ပြီး Content တွေရဲ့ Quality ကို တိုးတက်စေတဲ့သူတွေဖြစ်ပါတယ် If this approach is not for you, we respect your choice.
Still have questions?
Please ask your question, help make our community better!